12 ကိုယ်တော် ကို ခေါ်ပင့် သောသူ အား တစ်ဖန်မိန့် တော်မူသည်ကား၊ သင်သည် နံနက်စာ ၊ ညစာ လုပ်ကျွေး သောအခါ ၊ အဆွေ ခင်ပွန်း၊ ညီအစ်ကို အမျိုးသား ချင်း၊ ငွေရတတ် သော အိမ်နီးချင်း များကို မ ခေါ် မဖိတ် နှင့်။ ထိုသို့ဖိတ်ခေါ်လျှင်၊ သူ တို့သည် နောက်တစ်ဖန် သင့် ကိုဖိတ်ခေါ်၍ ကျေးဇူးဆပ် ကြလိမ့်မည်။ 13 သင်သည် ပွဲ ခံ သောအခါ ဆင်းရဲ သောသူ၊ အင်္ဂါ ချို့တဲ့သောသူ၊ ခြေမစွမ်း သောသူ၊ မျက်စိ ကန်းသော သူများကို ခေါ်ဘိတ် လော့။ 14 ထိုသို့ခေါ်ဘိတ်လျှင် မင်္ဂလာ ရှိ လိမ့်မည်။ အကြောင်းမူကား ၊ ထိုသူတို့သည် ကျေးဇူးမ ဆပ် နိုင် သည် ဖြစ်၍ ၊ ဖြောင့်မတ် သောသူ တို့သည် ထမြောက် သည် ကာလ၌ သင် သည် ကျေးဇူးဆပ် ခြင်းအကျိုးကိုခံရလတံ့ ဟု မိန့်တော်မူ၏။ 15 စားပွဲ၌ လျောင်း သော သူ တစ် ယောက်သည် ထို စကားတော်ကို ကြား လျှင် ၊ ဘုရားသခင် ၏နိုင်ငံ တော်၌ ပွဲဝင် သောသူ သည် မင်္ဂလာ ရှိ၏ဟု လျှောက် သော်၊ 16 ကိုယ်တော်က၊ လူ တစ်ဦး သည် ကြီးစွာ သောပွဲ ကို စီရင် ၍ ၊ လူများ တို့ကို ခေါ်ဘိတ် လေ၏။ 17 ပွဲ ခံချိန် ရောက်သောအခါ ၊ ခေါ်ဘိတ် သောသူ တို့ကို၊ လာ ကြပါ။ အလုံးစုံတို့သည် အသင့် ရှိ ပြီဟု မှာ ၍ အစေအပါး ကို စေလွှတ် ၏။ 18 ခေါ်အပ်သော သူအပေါင်း တို့သည် တစ်ညီတစ်ညွတ် တည်းပရိယာယ်ပြု ကြ၏။ တစ် ယောက်က၊ အကျွန်ုပ်သည် မြေရာ ကို ဝယ် ပါပြီ။ သွား ၍ ကြည့် ရ ပါမည်။ အကျွန်ုပ် ကို လွှတ် ပါဦးလော့ဟု တောင်းပန် လေ၏။ 19 တစ် ယောက်က အကျွန်ုပ်သည် နွား ငါး ယဉ် ကို ဝယ် ပါပြီ။ သွား ၍ စမ်း ရပါမည်။ အကျွန်ုပ် ကို လွှတ် ပါဦး လော့ဟု တောင်းပန် လေ၏။ 20 တစ် ယောက်က၊ အကျွန်ုပ်သည် မယား နှင့် လက်ထပ် ပါပြီ။ ထိုကြောင့် အကျွန်ုပ်မ လာ နိုင် ပါဟုဆို ၏။ 21 အစေအပါး သည် သခင့် ထံသို့ပြန်လာ ၍ ထို အကြောင်းများကိုလျှောက် လေ၏။ ထိုအခါ အိမ်ရှင် သည် အမျက်ထွက် ၍၊ မြို့ လမ်းမ လမ်းကြား သို့ အသော့ သွား ချေ။ ဆင်းရဲ သောသူ ၊ အင်္ဂါ ချို့တဲ့သောသူ၊ ခြေမစွမ်း သောသူ၊ မျက်စိ ကန်းသောသူများကို ခေါ်သွင်း ချေဟု အစေအပါး ကို ဆို ၏။ 22 အစေအပါး ကလည်း ၊ သခင် စီရင် တော်မူသည်အတိုင်း ပြု ပါပြီ။ သို့သော်လည်း လပ်သောနေရာထိုင်ရာ ရှိ ပါသေး သည်ဟု လျှောက် လေသော်၊ 23 သခင် က၊ မြို့ပြင်၊ လမ်းမ ၊ ခြံနား သို့ သွား ဦးလော့။ ငါ့ အိမ် ကို ပြည့် စေခြင်းငှာ အနိုင် အထက်ခေါ်သွင်း လော့။ 24 အထက်က ခေါ်ဘိတ် သောသူ တစ်ယောက်မျှ ငါ့ ပွဲ သို့ မဝင် ရ၊ ငါအမိန့်ရှိ ပြီဟု အစေအပါး ကို ဆို သည် ဟု မိန့်တော်မူ၏။
25 လူ အစုအဝေးအပေါင်း တို့သည် နောက်တော်သို့လိုက် ကြသည်ကို ယေရှုသည်လှည့် ၍ကြည့်တော်မူပြီးလျှင် ၊ 26 အကြင်သူ သည် ငါ့ ထံသို့ လာ ၍ မိဘ ၊ သား မယား ၊ ညီအစ်ကို ၊ နှမ တို့ကို၎င်း ၊ ထိုမျှမက မိမိ အသက် ကိုမ မုန်း ၊ ထိုသူသည် ငါ့ တပည့် မ ဖြစ် နိုင် ရာ။ 27 အကြင်သူ သည် မိမိ လက်ဝါးကပ်တိုင် ကိုထမ်း ၍ ငါ့ နောက် သို့မ လိုက် ၊ ထိုသူသည် ငါ့ တပည့် မ ဖြစ် နိုင် ရာ။ 28 သင် တို့တွင် တစ်ယောက်သောသူသည် တိုက် ကို တည် မည်ဟု အကြံရှိလျှင် ၊ ထိုတိုက်ပြီး အောင်ငွေ လောက် မည်မလောက်မည်ကို သိခြင်းငှာ၊ ရှေးဦးစွာ ထိုင် ၍ ကုန် စရိတ်ကို မ ချင့်တွက် ဘဲနေမည်လော။ 29 သို့မဟုတ် တိုက်မြစ် ကိုတည် ၍ တိုက်ကို မ ပြီး နိုင် လျှင်၊ သိမြင် သောသူ အပေါင်း တို့က၊ 30 ဤ သူ သည် တည် စ ပြု၍ အစ မ သတ်နိုင် ဟု ကဲ့ရဲ့ ကြလိမ့်မည်။
31 တစ်နည်းကား ၊ တစ်စုံတစ်ယောက်သော ရှင်ဘုရင် သည် အခြား သောရှင်ဘုရင် နှင့် စစ် ပြိုင် မည်ဟု အကြံရှိလျှင် ၊ လူနှစ်သောင်း နှင့် ချီလာ သော ရှင်ဘုရင်ကို လူတစ်သောင်း နှင့် ခံ နိုင်မည်မခံနိုင်မည်ကို ရှေးဦးစွာ ထိုင် ၍ မ ဆင်ခြင် ဘဲ နေမည်လော။ 32 မ ခံနိုင်သည် မှန်လျှင် ၊ အခြားသောရှင်ဘုရင် ဝေး သေးသောအခါ သံတမန် ကို စေလွှတ် ၍ စစ်ငြိမ်း မည် အကြောင်း တောင်းပန် တတ်သည်မဟုတ်လော။ 33 ထိုနည်းတူ ၊ သင် တို့တွင် အကြင်သူ သည် မိမိ ၌ရှိသမျှ ကို မ စွန့် ဘဲနေ၏။ ထိုသူသည် ငါ့ တပည့် မ ဖြစ် နိုင် ရာ။
34 ဆား မူကား ကောင်း ၏။ သို့သော်လည်း အငန် ကင်းပျောက်လျှင် ငန်သောအရသာ ကို အဘယ်သို့ ရ ပြန်မည်နည်း။ 35 မြေ ဘို့ မ ကောင်း ၊ အမှိုက်ပုံ ဘို့ မ ကောင်း၊ ထိုဆား ကို ပြင် သို့ပစ် လိုက်တတ်၏။ ကြား စရာနား ရှိ သော သူ မည်သည်ကားကြား ပါစေ ဟု မိန့် တော်မူ၏။
<- ရှင်လုကာ 13ရှင်လုကာ 15 ->