1 ထာဝရဘုရားကမောရှေအား၊
5 ထာဝရဘုရားသည်မောရှေအားအောက်ပါ ညွှန်ကြားချက်များကိုပေးတော်မူ၏။ စခန်း သိမ်းချိန်ရောက်လျှင်အာရုန်နှင့်သူ၏သားတို့ သည်တဲတော်ထဲသို့ဝင်၍ ပဋိညာဉ်သေတ္တာ တော်ရှေ့တွင်ရှိသောကန့်လန့်ကာကိုဖြုတ် ပြီးလျှင်၎င်းနှင့်သေတ္တာတော်ကိုအုပ်ရမည်။- 6 ကန့်လန့်ကာအပေါ်တွင်နူးညံ့သောသားရေ ဖုံးအုပ်ပြန်၍ ထိုအပေါ်တွင်အပြာထည်ကို ထပ်မံ၍အုပ်ရမည်။ ထိုနောက်ထမ်းပိုးများ ကိုကွင်းများတွင်လျှိုသွင်းရမည်။
7 ထာဝရဘုရားအားမုန့်တင်လှူ၍ ပူဇော် သောစားပွဲတော်ပေါ်တွင်အပြာထည်ကို ဖြန့်ခင်း၍လင်ပန်းများ၊ နံ့သာပေါင်းခွက် များ၊ ဖလားများ၊ စပျစ်ရည်ခရားများ ကိုတင်ရမည်။ တင်လှူပူဇော်သောမုန့်ကို လည်းစားပွဲတော်ပေါ်တွင်အမြဲရှိစေရ မည်။- 8 ထိုပစ္စည်းများအားလုံးတို့ကိုအနီထည် ဖြင့်ဖုံးအုပ်၍ ထိုအနီထည်ပေါ်တွင်နူးညံ့ သောသားရေထည်ဖြင့်ဖုံးအုပ်ရမည်။ ထို နောက်ထမ်းပိုးများကိုကွင်းများတွင် လျှိုထားရမည်။
9 မီးခုံတိုင်နှင့်ဆိုင်ရာမီးခွက်များ၊ မီးညှပ် များ၊ မီးခံခွက်များနှင့်သံလွင်ဆီခွက်စ သည်တို့ကိုအပြာထည်ဖြင့်ဖုံးအုပ်ရမည်။- 10 မီးခုံတိုင်နှင့်ဆိုင်ရာပစ္စည်းအားလုံးတို့ကို နူးညံ့သောသားရေထည်ဖြင့်ထုပ်ပြီးလျှင် ထမ်းစင်ပေါ်သို့တင်ရမည်။
11 ရွှေယဇ်ပလ္လင်ကိုအပြာထည်ဖြင့်ဖုံးပြီးလျှင် အပြာထည်အပေါ်တွင်နူးညံ့သောသားရေ ထည်ဖြင့်အုပ်ထားရမည်။ ထိုနောက်ထမ်းပိုး များကိုလျှိုထားရမည်။- 12 သန့်ရှင်းရာဌာနတော်ထဲတွင်အသုံးပြု သောခွက်ယောက်အားလုံးကိုအပြာထည် ဖြင့်ထုပ်၍ အပြာထည်အပေါ်၌နူးညံ့ သောသားရေထည်ဖြင့်ဖုံးအုပ်ပြီးလျှင် ထမ်းစင်ပေါ်သို့တင်ရမည်။- 13 ယဇ်ပလ္လင်မှအဆီနှင့်ပြာကိုရှင်းလင်းပြီး လျှင် ပလ္လင်ကိုခရမ်းရောင်အထည်ဖြင့်ဖုံး အုပ်ထားရမည်။- 14 ထိုအပေါ်တွင်ယဇ်ပလ္လင်နှင့်ဆိုင်သော မီးခံခွက်၊ ချိတ်၊ ဂေါ်ပြား၊ ဖလားစသောအသုံးအဆောင် ပစ္စည်းအားလုံးတို့ကိုတင်ထားရမည်။ ထိုနောက် ပလ္လင်အသုံးအဆောင်ပစ္စည်းများကို နူးညံ့ သောသားရေထည်ဖြင့်ဖုံးအုပ်၍ထမ်းပိုး များကိုလျှိုထားရမည်။- 15 စခန်းသိမ်းချိန်ရောက်၍အာရုန်နှင့်သူ၏သား များက သန့်ရှင်းသောအသုံးအဆောင်ပစ္စည်း အားလုံးတို့ကိုဖုံးအုပ်ပြီးမှသာလျှင် ကော ဟတ်၏သားချင်းစုတို့သည်လာ၍ထိုပစ္စည်း များကိုထမ်းရကြမည်။ ကောဟတ်၏သား ချင်းစုတို့သည်ထိုပစ္စည်းများကိုလက်နှင့် မထိရ။ ထိမိလျှင်အသက်သေဆုံးရ ကြမည်။
16 ယဇ်ပုရောဟိတ်အာရုန်၏သားဧလာဇာ သည်တဲတော်အတွက်လည်းကောင်း၊ မီးခွက် ဆီ၊ နံ့သာပေါင်း၊ ဘောဇဉ်သကာ၊ ဘိသိက် ဆီမှစ၍ထာဝရဘုရားအားဆက်ကပ် ထားသောတဲတော်ပစ္စည်းရှိသမျှကိုလည်း ကောင်းတာဝန်ယူရမည်။
17 ထာဝရဘုရားသည်မောရှေနှင့်အာရုန်တို့ အား၊
21 ထာဝရဘုရားသည်မောရှေအား၊
29 ထာဝရဘုရားသည်လေဝိအနွယ်ဝင် မေရာရိ၏သားချင်းစုတွင်၊- 30 အသက်သုံးဆယ်နှင့်ငါးဆယ်အတွင်းရှိ ၍ထာဝရဘုရားစံတော်မူရာတဲတော်၌ အမှုထမ်းဆောင်နိုင်မည့်ယောကျာ်းတို့ကို ဘိုး ဘေးဆွေမျိုးဘက်မှမိသားစုအလိုက် စာရင်းကောက်ယူရန် မောရှေအားအမိန့် ပေးတော်မူ၏။- 31 သူတို့သည်တဲတော်သစ်သားဘောင်များ၊ တန်း များ၊ တိုင်များနှင့်အောက်ခံခုံများကိုလည်း ကောင်း၊- 32 တဲတော်ဝင်းပတ်လည်ရှိတိုင်များ၊ အောက်ခံခုံ များ၊ ကြက်ဆူးများနှင့်ကြိုးများကိုလည်း ကောင်း၊ ထိုပစ္စည်းများကိုတပ်ဆင်ရာ၌အသုံး ပြုသောတန်ဆာပလာအားလုံးတို့ကို လည်းကောင်းသယ်ဆောင်ရမည်။ လူတိုင်း မိမိအတွက်သတ်မှတ်ပေးသောပစ္စည်း ကိုသယ်ဆောင်ရမည်။- 33 ဤသည်တို့သည်ကားတဲတော်တွင်မေရာရိ သားချင်းစုတို့ဆောင်ရွက်ရမည့်တာဝန်များ ဖြစ်သည်။ သူတို့သည်ယဇ်ပုရောဟိတ်အာရုန် ၏သားဣသမာညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ကြရမည်။
34-48 ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေ၊ အာရုန်နှင့်ဣသရေလအမျိုးသား ခေါင်းဆောင်တို့သည်လေဝိသားချင်းစုသုံး စုဖြစ်သောကောဟတ်သားချင်းစု၊ ဂေရရှုန် သားချင်းစုနှင့်မေရာရိသားချင်းစုတို့ တွင်အသက်သုံးဆယ်နှင့်ငါးဆယ်အတွင်း ရှိ ထာဝရဘုရားစံတော်မူရာတဲတော် တွင်အမှုထမ်းဆောင်နိုင်မည့်ယောကျာ်းတို့ ကိုဘိုးဘေးဆွေမျိုးများဘက်မှ မိသားစု အလိုက်ကောက်ယူရရှိသောလူဦးရေ စာရင်းမှာအောက်ပါအတိုင်းဖြစ်သည်။