1 ဇလောဖဒ်သည်ဟေဖေရ၏သား၊ ဟေဖေရ သည်ဂိလဒ်၏သား၊ ဂိလဒ်သည်မာခိရ၏သား၊ မာခိရသည်မနာရှေ၏သား၊ မနာရှေသည် ယောသပ်၏သားဖြစ်သည်။ ဇလောဖဒ်၏သမီး များဖြစ်ကြသောမာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာနှင့်တိရဇာတို့သည်၊- 2 တဲတော်တံခါးဝသို့လာရောက်၍မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာ၊ ခေါင်းဆောင်များ နှင့်ဣသရေလအမျိုးသားအပေါင်းတို့ ရှေ့တွင်ရပ်လျက်၊- 3 ``ကျွန်မတို့၏ဖခင်သည်တောကန္တာရ၌ သေ ဆုံးခဲ့ရာသားယောကျာ်းဟူ၍တစ်ယောက်မျှ မကျန်ရစ်ပါ။ ဖခင်သည်ထာဝရဘုရား အားပုန်ကန်သောကောရ၏လူစုတွင်မပါ ဝင်ခဲ့ပါ။ သူသည်မိမိ၏အပြစ်ကြောင့်သေ ဆုံးခဲ့ရပါသည်။- 4 သူ၌သားယောကျာ်းမထွန်းကားသောကြောင့် သူ၏နာမည်သည်ဣသရေလအမျိုးမှ ပျောက်ကွယ်သွားရမည်လော။ ကျွန်မတို့ဖခင် ၏ဆွေမျိုးသားချင်းတို့အားမြေခွဲဝေပေး သကဲ့သို့ ကျွန်မတို့အားခွဲဝေပေးပါ'' ဟုတောင်းလျှောက်ကြလေသည်။
5 ထိုအခါမောရှေသည်သူတို့၏တောင်းဆို ချက်ကို ထာဝရဘုရားထံတင်လျှောက် ရာ၊- 6 ထာဝရဘုရားက၊
12 တစ်ဖန်ထာဝရဘုရားသည်မောရှေအား``အာဗ ရိမ်တောင်ပေါ်သို့တက်၍ဣသရေလအမျိုးသား တို့အား ငါပေးမည့်ပြည်ကိုမျှော်ကြည့်လော့။- 13 အာရုန်အနိစ္စရောက်သကဲ့သို့သင်သည် ထို ပြည်ကိုမျှော်ကြည့်ပြီးသောအခါ၌ အနိစ္စရောက်လိမ့်မည်။- 14 အဘယ်ကြောင့်ဆိုသော်သင်တို့နှစ်ဦးစလုံး သည် ဇိနတောကန္တာရ၌ငါ၏အမိန့်ကိုဖီဆန် သောကြောင့်ဖြစ်၏။ မေရိဘအရပ်တွင်ဣသ ရေလအမျိုးသားအပေါင်းတို့သည် ငါ့အား အပြစ်တင်၍ညည်းတွားကြသောအခါ သင် တို့သည်သူတို့ရှေ့တွင်ငါ၏တန်ခိုးတော်ကို မထီလေးစားပြုမူခဲ့ကြ၏'' ဟုမိန့်တော် မူသည်။ (မေရိဘသည်ဇိနတောကန္တာရရှိ ကာဒေရှအရပ်၌တည်ရှိသောစမ်းရေ ပေါက်ကိုဆိုလိုသည်။)[~2~]
15 ထိုအခါမောရှေကထာဝရဘုရားအား၊
18 ထာဝရဘုရားသည်မောရှေအား``နုန်၏သား ယောရှုသည်အစွမ်းသတ္တိနှင့်ပြည့်စုံသူဖြစ် သောကြောင့် သူ၏ဦးခေါင်းပေါ်မှာသင့်လက် ကိုတင်လော့။-[~4~] 19 ယဇ်ပုရောဟိတ်ဧလာဇာနှင့်လူအပေါင်းတို့ ရှေ့တွင် သူ့ကိုရပ်စေ၍သင့်ကိုဆက်ခံသူ အဖြစ်ကြေညာလော့။- 20 ဣသရေလအမျိုးသားအပေါင်းတို့သည်သူ ၏သြဇာကိုနာခံကြစေခြင်းငှာ သင်၏ အာဏာအချို့ကိုသူ့အားလွှဲအပ်ပေးလော့။- 21 ယဇ်ပုရောဟိတ်ဧလာဇာသည်ဥရိမ်နှင့် သုမိန်ကိုအသုံးပြု၍ ငါ၏အလိုတော်ကို သိနိုင်မည်။ သို့ဖြစ်၍ယောရှုသည်ဧလာဇာ ကိုအားကိုးမည်။ ဤနည်းအားဖြင့်ဧလာဇာ သည်ယောရှုနှင့်ဣသရေလအမျိုးသားအ ပေါင်းတို့ကို အရေးကိစ္စရှိသမျှတို့၌သွန် သင်လမ်းပြလိမ့်မည်'' ဟုမိန့်တော်မူ၏။-[~5~] 22 မောရှေသည်ထာဝရဘုရားမိန့်တော်မူ သမျှအတိုင်းဆောင်ရွက်လေ၏။- 23 ထိုနောက်မောရှေသည်ထာဝရဘုရားမိန့် တော်မူသည်အတိုင်း ယောရှု၏ဦးခေါင်းပေါ် တွင်လက်ကိုတင်၍မိမိအားဆက်ခံသူ အဖြစ်ကြေညာလေ၏။[~6~]
<- တောလည် 26တောလည် 28 ->