1 ထိုနောက်သခင်ယေရှုသည်တိဗေရိအိုင်အနီး တွင်တပည့်တော်တို့အားတစ်ဖန်ကိုယ်ထင်ပြ တော်မူ၏။ ပြတော်မူပုံကားဤသို့တည်း။- 2 ရှိမုန်ပေတရု၊ (အမြွှာပူးဟုနာမည်တွင်သူ) သောမ၊ (ဂါလိလဲပြည်ကာနမြို့သား) နာသ နေလ၊ ဇေဗေဒဲ၏သားများနှင့်အခြားတပည့် တော်နှစ်ဦးတို့သည်အတူရှိနေကြ၏။- 3 ရှိမုန်ပေတရုကအခြားသူတို့အား ``ငါ ငါးဖမ်းထွက်မည်'' ဟုဆို၏။
6 ကိုယ်တော်က ``သင်တို့လှေ၏လက်ယာဘက်သို့ ကွန်ကိုပစ်လော့၊ ငါးမိလိမ့်မည်'' ဟုမိန့်တော်မူ ၏။ မိန့်တော်မူသည့်အတိုင်းသူတို့သည်ကွန်ကို ပစ်ကြရာမိသည့်ငါးများလှသဖြင့်ကွန်ကို မဆွဲတင်နိုင်ကြချေ။[~2~]
7 ထိုအခါသခင်ယေရှုချစ်တော်မူသောတပည့် တော်က ``ငါတို့၏သခင်ဘုရားပင်တည်း'' ဟု ပေတရုအားပြော၏။ ဤစကားကိုကြားသော အခါပေတရုသည်မိမိချွတ်ထားသည့်အဝတ် ကိုခါးတွင်ပတ်၍အိုင်ထဲသို့ခုန်ဆင်းလေ၏။- 8 အခြားတပည့်တော်တို့မူကားကမ်းနှင့်မဝေး ဘဲကိုက်တစ်ရာခန့်သာကွာတော့သဖြင့် ငါး နှင့်ပြည့်နေသောကွန်ကိုဆွဲတင်လျက်လှေ နှင့်အတူလိုက်လာကြ၏။- 9 သူတို့သည်လှေပေါ်ကဆင်း၍ကုန်းပေါ်သို့ ရောက်ကြသောအခါမုန့်ကိုလည်းကောင်း၊ မီးကျီးပေါ်တွင်ကင်ထားသောငါးကို လည်းကောင်းတွေ့ကြ၏။- 10 သခင်ယေရှုက ``သင်တို့ယခုမိသောငါး အချို့ကိုယူခဲ့လော့'' ဟုမိန့်တော်မူ၏။
11 ရှိမုန်ပေတရုသည်လှေပေါ်သို့တက်၍ငါးကြီး များဖြင့်ပြည့်နေသောပိုက်ကွန်ကိုကုန်းပေါ်သို့ ရောက်အောင်ဆွဲယူလေ၏။ ငါးတစ်ရာ့ငါးဆယ့် သုံးကောင်ကိုမိ၍ ထိုမျှလောက်များပြားသော် လည်းကွန်မှာမစုတ်မပြတ်ချေ။- 12 သခင်ယေရှုက ``လာ၍စားကြလော့'' ဟုသူ တို့အားမိန့်တော်မူ၏။ ကိုယ်တော်သည်မိမိတို့ ၏သခင်ဘုရားပင်ဖြစ်တော်မူကြောင်းကိုသိ ကြသဖြင့်အဘယ်တပည့်တော်မျှ ``အရှင် သည်အဘယ်သူနည်း'' ဟုမမေးမလျှောက် ဝံ့ကြ။- 13 သခင်ယေရှုသည်သူတို့ရှိရာသို့ကြွတော်မူ ၍မုန့်ကိုယူပြီးလျှင်သူတို့အားပေးတော် မူ၏။ ငါးကိုလည်းထိုနည်းတူပေးတော်မူ၏။
14 သေခြင်းမှထမြောက်တော်မူပြီးနောက်တပည့် တော်တို့အား ယခုကိုယ်ထင်ပြတော်မူသည်မှာ တတိယအကြိမ်ဖြစ်သတည်း။
15 တပည့်တော်တို့စားကြပြီးနောက်သခင် ယေရှုက ``ယောဟန်၏သားရှိမုန်၊ သူတို့ ငါ့ကိုချစ်သည်ထက်ပို၍ချစ်သလော'' ဟုရှိမုန်ပေတရုအားမေးတော်မူ၏။
20 ပေတရုသည်လှည့်၍ကြည့်လိုက်သောအခါ သူ၏နောက်တွင်သခင်ယေရှုချစ်တော်မူသော တပည့်တော်ကိုမြင်လေ၏။ ထိုသူကားညစာ စားကြစဉ်အခါကသခင်ယေရှု၏ရင်တော် ကိုမှီလျက် ``သခင်၊ ကိုယ်တော်အားရန်သူ့လက်သို့ အပ်မည့်သူကားအဘယ်သူဖြစ်သနည်း'' ဟု မေးလျှောက်ခဲ့သူဖြစ်၏။- 21 ပေတရုသည်ထိုတပည့်တော်ကိုမြင်သောအခါ ``သခင်ဘုရား၊ ဤသူသည်လည်းအဘယ်သို့ ဖြစ်ပါလိမ့်မည်နည်း'' ဟုမေးလျှောက်၏။
22 သခင်ယေရှုက ``ငါကြွလာသည်တိုင်အောင် သူ့အားအသက်ရှင်စေရန်ငါအလိုရှိလျှင် သင်နှင့်မည်သို့မျှမသက်ဆိုင်။ သင်မူကား ငါ့နောက်သို့လိုက်လော့'' ဟုမိန့်တော်မူ၏။
23 သို့ဖြစ်၍ထိုတပည့်တော်သည်သေရတော့ မည်မဟုတ်ဟူသောသတင်းသည်တပည့် တော်တို့အထဲတွင်ပျံ့နှံ့သွား၏။ သို့ရာ တွင်သခင်ယေရှုကထိုတပည့်တော်သည် မသေရဟုမိန့်တော်မူသည်မဟုတ်။ ``ငါ ကြွလာသည်အထိသူ့အားအသက်ရှင် စေရန်ငါအလိုရှိလျှင်သင်နှင့်မည်သို့မျှ မသက်ဆိုင်'' ဟူ၍သာမိန့်တော်မူသတည်း။
24 ဤအကြောင်းအရာတို့ကိုဖော်ပြသက်သေ ခံမှတ်တမ်းတင်သူကားထိုတပည့်တော်ပင် ဖြစ်၏။ သူ၏ဖော်ပြချက်များမှန်ကန်ကြောင်း ကိုလည်းငါတို့သိကြ၏။
25 သခင်ယေရှုပြုတော်မူသောအခြားအမှု အရာများစွာရှိသေး၏။ ထိုအမှုအရာရှိ သမျှတို့ကိုမှတ်တမ်းတင်ရမည်ဆိုပါက ပြုစုရမည့်ကျမ်းဂန်များကိုထားရှိရန် ဤ လောကတွင်နေရာရှိမည်မဟုတ်ဟုထင် မြင်ပါသတည်း။ ရှင်ယောဟန်ခရစ်ဝင်ပြီး၏။