1 သို့ဖြစ်၍သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်သောကြောင့် အကျဉ်းခံရသူငါ သည်သင်တို့အားနှိုးဆော်ပါ၏။ သင်တို့ သည်ဘုရားသခင်ရွေးချယ်ခေါ်ယူတော် မူခြင်းကိုခံရသည်နှင့်အညီကျင့်ကြံ ပြုမူကြလော့။- 2 အစဉ်စိတ်နှလုံးနှိမ့်ချကြလော့။ သိမ်မွေ့ နူးညံ့ကြလော့။ စိတ်ရှည်ကြလော့။ တစ်ဦး ကိုတစ်ဦးသည်းခံခြင်းအားဖြင့်မေတ္တာပြ ကြလော့။-[~1~] 3 သင်တို့အားစည်းလုံးစေသောငြိမ်သက်ခြင်း အားဖြင့် ဝိညာဉ်တော်ကပေးသောစည်လုံးညီ ညွတ်မှုကိုအစွမ်းကုန်ထိန်းသိမ်းကြလော့။- 4 သင်တို့အားဘုရားသခင်ရွေးချယ်ခေါ်ယူ တော်မူခြင်းကြောင့်မျှော်လင့်ခြင်းတစ်ပါး တည်းရှိသကဲ့သို့ကိုယ်ခန္ဓာတော်တစ်ပါး တည်း၊ ဝိညာဉ်တော်တစ်ပါးတည်းရှိတော်မူ၏။- 5 သခင်တစ်ပါးတည်း၊ ယုံကြည်ခြင်းတစ်ပါးတည်း၊ ဗတ္တိဇံတစ်ပါးတည်း၊- 6 လူသားအပေါင်းတို့၏အဖဘုရားသခင် တစ်ဆူတည်းရှိတော်မူ၏။ ထိုဘုရားသခင်သည် လူခပ်သိမ်းတို့ကိုအုပ်စိုးတော်မူ၍ လူခပ်သိမ်း တို့အားဖြင့်လုပ်ဆောင်တော်မူလျက်လူခပ်သိမ်း တို့အထဲတွင်ရှိတော်မူ၏။
7 ခရစ်တော်ချပေးတော်မူသည်အတိုင်းငါတို့ တစ်ဦးစီသည်ထူးမြတ်သည့်ဆုကျေးဇူးကို ခံစားကြရပေသည်။- 8 ကျမ်းစာလာသည်အတိုင်း၊
9 ကိုယ်တော်တက်ကြွတော်မူသည်ဆိုရာ၌ အဘယ် ကိုဆိုလိုပါသနည်း။ ကိုယ်တော်သည်အနိမ့်ဆုံး အရပ်မြေကြီးသို့ ဦးစွာဆင်းသက်တော်မူသည် ဟုဆိုလိုပေသည်။- 10 သို့ဖြစ်၍ဆင်းသက်တော်မူသောအရှင်ကား စကြဝဠာတစ်ခုလုံးတွင်ရှိတော်မူရန် မိုး ကောင်းကင်ဘဝဂ်သို့တက်ကြွတော်မူသော အရှင်ပေတည်း။- 11 လူသားတို့အားဆုကျေးဇူးများကိုချပေး တော်မူသောအရှင်သည်လည်း ကိုယ်တော်ပင်ဖြစ် ပေသည်။ ကိုယ်တော်သည်လူအချို့တို့ကိုတမန် တော်အရာ၌လည်းကောင်း၊ အချို့တို့ကိုပရော ဖက်အရာ၌လည်းကောင်း၊ အချို့တို့ကိုဧဝံ ဂေလိတရားဟောဆရာအရာ၌လည်းကောင်း၊ အချို့တို့ကိုသင်းအုပ်ဆရာနှင့်ဋ္ဌမ္မပညာဆရာ အရာ၌လည်းကောင်းခန့်ထားတော်မူ၏။- 12 ဤသို့ပြုတော်မူခြင်းမှာခရစ်တော်၏ကိုယ်ခန္ဓာ တော်ကိုတည်ဆောက်ခြင်းအလို့ငှာ ဘုရားသခင် ၏လူစုတော်ဝင်အပေါင်းအားအမှုတော်ဆောင် ရွက်ခြင်းအတွက်အသင့်ပြင်ဆင်ပေးရန်ပင်ဖြစ် ပေသည်။- 13 ထို့ကြောင့်ငါတို့၏ယုံကြည်ခြင်းအားဖြင့် လည်းကောင်း၊ ဘုရားသခင်၏သားတော်ကိုသိ ကျွမ်းခြင်းအားဖြင့်လည်းကောင်း ငါတို့ရရှိ သမျှသည်တစ်လုံးတစ်ဝတည်းဖြစ်ကြလျက် ခရစ်တော်၏ပြည့်စုံခြင်းပမာဏအတိုင်း ရင့်ကျက်သည့်သူများအဖြစ်သို့ရောက်ကြ ပေအံ့။- 14 ထိုအခါငါတို့သည်ပရိယာယ်ဖြင့်လူတို့ကို လမ်းလွဲအောင်လိမ်လည်ပြောဆိုတတ်သူတို့၏ သြဝါဒလှိုင်းလုံးများအထဲ၌ သြဝါဒလေ ကြောင်းပြောင်းတိုင်းလွင့်ပါသွားသောကလေး သူငယ်များကဲ့သို့ဖြစ်ကြတော့မည်မဟုတ်။- 15 ငါတို့သည်မေတ္တာနှင့်သမ္မာတရားကိုဟောပြော သောအားဖြင့် အသင်းတော်၏ဦးခေါင်းဖြစ်တော် မူသောခရစ်တော်၌အစစအရာရာတွင်ကြီး ပွားတိုးတက်မှုရှိရကြပေမည်။- 16 ကိုယ်တော်၏စီမံအုပ်ချုပ်မှုအောက်တွင်ကိုယ်အင်္ဂါ ရှိသမျှတို့သည်တစ်ခုနှင့်တစ်ခုအဆစ်အပိုင်း များဖြင့်ဆက်စပ်လျက်နေကြ၏။ သို့ဖြစ်၍ကိုယ် အင်္ဂါအသီးသီးတို့သည် မိမိတို့သက်ဆိုင်ရာ အလုပ်တာဝန်ကိုဆောင်ရွက်ကြသောအခါ ကိုယ်ခန္ဓာတစ်ခုလုံးကိုမေတ္တာတရားအား ဖြင့်တည်ဆောက်၍ကြီးပွားစေလေသည်။[~3~]
17 သို့ဖြစ်၍သင်တို့သည်ဘုရားမဲ့သူများနည်း တူဆက်လက်မကျင့်ကြံကြရန် သခင်ဘုရား ၏နာမတော်ကိုအမှီပြု၍ငါသတိပေး လို၏။ သူတို့၏အကြံအစည်များကား အချည်းနှီးသာဖြစ်သည်။- 18 သူတို့သည်ဉာဏ်အလင်းကွယ်၍အသိတရား လုံးဝကင်းမဲ့လျက်ခေါင်းမာကြသဖြင့် ဘုရား သခင်ချမှတ်ပေးတော်မူသောအသက်နှင့် ကင်းကွာလျက်ရှိကြ၏။- 19 ရှက်ကြောက်စိတ်လုံးဝမရှိတော့သဖြင့်သူတို့ သည်ကာမဂုဏ်လိုက်စားကာ ညစ်ညမ်းသောအကျင့် အမျိုးမျိုးတို့ကိုအချုပ်အချယ်မရှိပြုကျင့် ကြပေသည်။
20 ခရစ်တော်၏လမ်းစဉ်သည်ထိုလမ်းစဉ်မဟုတ် ကြောင်းကိုသင်တို့သင်ကြားခဲ့ကြပြီ။- 21 ကိုယ်တော်၏အကြောင်းကိုအမှန်ပင်သင်တို့ကြားနာ ကြရပြီ။ ကိုယ်တော်၏တပည့်များအနေဖြင့် သခင် ယေရှု၏သမ္မာတရားတော်အကြောင်းကိုသင်ကြား ခဲ့ကြပြီ။- 22 သို့ဖြစ်၍အထက်ကကျင်လည်ခဲ့သောလူဟောင်း ဘဝကိုစွန့်ပစ်လော့။ လှည့်ဖြားတတ်သောဆန္ဒများ ကြောင့်ယိုယွင်းပျက်စီးသည့်လူဟောင်းကိုစွန့်လွှတ် ကြလော့။-[~4~] 23 သင်တို့သည်စိတ်သစ်သဘောသစ်ကိုခံယူကြ ရမည်။- 24 ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်း ခြင်းကိုခံရ၍ သမ္မာတရားဆိုင်ရာဖြောင့်မတ် သန့်ရှင်းသူလူသစ်ဖြစ်ကြရမည်။[~5~]
25 ထို့ကြောင့်မုသားကိုမပြောကြနှင့်။ ငါတို့အပေါင်း သည် ခရစ်တော်၏ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြစ် ကြသဖြင့် ယုံကြည်သူအချင်းချင်းအားသစ္စာ စကားကိုပြောကြလော့။-[~6~] 26 သင်တို့သည်အပြစ်ကူးရာရောက်သည့်တိုင်အောင် အမျက်မထွက်ကြနှင့်။ နေမဝင်မီအမျက်ကို ပြေငြိမ်းစေကြလော့။-[~7~] 27 မာရ်နတ်ကိုအခွင့်မပေးကြနှင့်။-