4 ``စပါးနယ်နေသောနွားကိုပါးချုပ်တပ်၍ မထားရ။[~2~]
5 ``ညီအစ်ကိုနှစ်ဦးတို့သည်အတူတူနေထိုင် ၍ တစ်ဦးသည်သားမကျန်ရစ်ဘဲသေဆုံးခဲ့ လျှင် သူ၏ဇနီးမုဆိုးမသည်သူစိမ်းယောကျာ်း တစ်ဦးဦးနှင့်မစုံဖက်စေရ။ သေဆုံးသူ၏ ညီက ထိုမိန်းမကိုမယားအဖြစ်သိမ်းပိုက် ရမည်။-[~3~] 6 ဣသရေလလူမျိုးတွင်သေဆုံးသူ၏မိသားစု မျိုးဆက်မပျောက်စေရန် ထိုမိန်းမ၌ဖွားမြင် သောသားဦးသည်သေသူ၏တရားဝင်သား ဖြစ်စေရမည်။- 7 အကယ်၍ညီသည်သေဆုံးသူအစ်ကို၏ ဇနီးနှင့်မစုံဖက်လိုလျှင် မိန်းမသည်မြို့ အကြီးအကဲတို့ထံသို့သွား၍`ကျွန်မမတ် ဖြစ်သူသည်ဣသရေလလူမျိုးတွင် အစ်ကို ၏မိသားစုမျိုးဆက်ကျန်ရစ်ရန်ဆောင်ရွက် ရမည့်ဝတ္တရားပျက်ကွက်ပါသည်' ဟုလျှောက် ဆိုရမည်။-[~4~] 8 ထိုအခါမြို့အကြီးအကဲတို့က ထိုမိန်းမ ၏မတ်ကိုခေါ်၍မေးမြန်းရမည်။ သူကထို မိန်းမနှင့်မစုံဖက်လိုပါဟူ၍ငြင်းဆန် နေသေးလျှင်၊- 9 သူ့မရီးသည်မြို့အကြီးအကဲတို့ရှေ့တွင် ထို သူ၏ဖိနပ်တစ်ဖက်ကိုချွတ်၍သူ့မျက်နှာ ကိုတံတွေးထွေးလျက်`အစ်ကို၏မျိုးဆက်ကို မပွားစေလိုသူအား ဤသို့ပြုသင့်သည်' ဟု ဆိုရမည်။- 10 ဣသရေလလူမျိုးတွင် ထိုသူ၏မိသားစု ကို`ဖိနပ်အချွတ်ခံရသူ၏မိသားစု' ဟူ၍ ခေါ်တွင်စေရမည်။
11 ``အကယ်၍လူနှစ်ဦးခိုက်ရန်ဖြစ်နေစဉ် တစ် ဦး၏မယားသည် မိမိ၏လင်ယောကျာ်းဘက် မှကူညီ၍ အခြားယောကျာ်း၏တန်ဆာကို ကိုင်ဆွဲလျှင်၊- 12 ထိုမိန်းမ၏လက်ကို ဖြတ်ပစ်ရမည်။ သူ့ကို မသနားမညှာတာရ။- 13-14 ``သင်တို့သည်အလေး၊ တင်းတောင်းတို့ဖြင့် ခြင်တွယ်သောအခါ မမှန်မကန်မခြင် တွယ်ရ။-[~5~] 15 သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်တွင် သင်တို့ အသက်ရှည်စွာနေထိုင်နိုင်ရန်မှန်ကန် တိကျသော အလေး၊ တင်း၊ တောင်းများကို အသုံးပြုကြလော့။- 16 ထာဝရဘုရားသည် လိမ်လည်လှည့်ဖြား သောသူများကိုရွံရှာတော်မူ၏။
17 ``အီဂျစ်ပြည်မှသင်တို့ထွက်လာစဉ်က သင် တို့အားအာမလက်အမျိုးသားတို့မည်ကဲ့ သို့ရန်မူခဲ့ပုံကိုသတိရကြလော့။-[~6~] 18 သူတို့သည်ဘုရားသခင်ကိုမကြောက်ရွံ့ သဖြင့် သင်တို့အားကုန်၍မောပန်းလျက်ရှိ ကြစဉ် သင်တို့နောက်မှလိုက်၍တိုက်ခိုက်ကြ ၏။ နောက်ကျန်နေသူအားလုံးကိုလည်း လုပ် ကြံသတ်ဖြတ်ခဲ့ကြ၏။- 19 သို့ဖြစ်၍သင်တို့သည်ဘုရားသခင်ထာဝရ ဘုရားပေးသနားတော်မူမည့်ပြည်သို့ရောက်၍ ပတ်ဝန်းကျင်ရန်သူတို့၏တိုက်ခိုက်မှုမှကင်း လွတ်ပြီးအေးချမ်းစွာနေထိုင်ရသောအခါ အာမလက်အမျိုးသားတို့ကိုတစ်ယောက် မကျန်သုတ်သင်ပစ်ရန်မမေ့ကြနှင့်။
<- တရားဟော 24တရားဟော 26 ->