1 အန္တိအုတ်မြို့အသင်းတော်တွင် ပရောဖက်များ နှင့်ဆရာများရှိ၏။ ထိုသူတို့ကားဗာနဗ၊ နိဂါခေါ်ရှုမောင်၊ ကုရေနေပြည်သားလုကိ၊ (စော်ဘွားဟေရုဒ်၏ငယ်သူငယ်ချင်းဖြစ်သူ) မာနင်နှင့်ရှောလုတို့တည်း။- 2 ထိုသူတို့သည်သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်၍ အစာရှောင်လျက်နေကြစဉ် သန့်ရှင်းသောဝိညာဉ်တော်ကသူတို့အား ``ရှောလု နှင့်ဗာနဗတို့ကို ငါ၏အမှုတော်ဆောင်ရန် အတွက်သီးသန့်ရွေးချယ်ကြလော့'' ဟုမိန့် တော်မူ၏။
3 ထိုအခါသူတို့သည်အစာရှောင်၍ဆု တောင်းပတ္ထနာပြုပြီးလျှင် ဗာနဗနှင့်ရှောလု တို့၏ဦးခေါင်းပေါ်တွင်မိမိတို့လက်ကိုတင် ကြ၏။ ထိုနောက်သူတို့အားအမှုတော် ဆောင်ရွက်ရန်စေလွှတ်လိုက်ကြ၏။
4 ဗာနဗနှင့်ရှောလုတို့သည်သန့်ရှင်းသော ဝိညာဉ်တော်စေလွှတ်တော်မူသည်အတိုင်း သေလုကိမြို့သို့သွားရောက်၍ထိုမြို့မှ ကုပရုကျွန်းသို့သင်္ဘောလွှင့်ကြ၏။- 5 သူတို့သည်ရှာလမိမြို့သို့ရောက်သောအခါ တရားဇရပ်များတွင်ဘုရားသခင်၏နှုတ် ကပတ်တရားတော်ကိုဟောပြောကြ၏။ ယောဟန်မာကုသည်သူတို့၏လက်ထောက် အဖြစ်ကူညီဆောင်ရွက်၏။
6 သူတို့သည်ထိုကျွန်းကိုဖြတ်၍ပါဖုမြို့ အထိလျှောက်သွားကြ၏။ ထိုမြို့တွင်ယုဒ အမျိုးသားမိစ္ဆာပရောဖက်ဖြစ်သောမှော် ဆရာတစ်ယောက်ကိုတွေ့ကြ၏။ သူ၏နာမည် မှာဗာယေရှုဖြစ်၏။- 7 သူသည်ဘုရင်ခံသေရဂိပေါလု၏မိတ်ဆွေ ဖြစ်၏။ ထိုဘုရင်ခံကားသတိပညာရှိသူ တစ်ယောက်ဖြစ်ပေသည်။ သူသည်ဘုရားသခင် ၏နှုတ်ကပတ်တရားတော်ကိုကြားနာလို၍ ဗာနဗနှင့်ရှောလုကိုပင့်ဖိတ်လေ၏။- 8 သို့ရာတွင် (ဂရိဘာသာအားဖြင့်ဧလုမဟု နာမည်ရှိသော) ထိုမှော်ဆရာသည်ဘုရင်ခံ အားယုံကြည်ခြင်းလွဲမှားစေရန် ဗာနဗ နှင့်ရှောလုတို့ကိုအတိုက်အခံပြုလေ၏။- 9 ထိုအခါပေါလုခေါ်ရှောလုသည် သန့်ရှင်း သောဝိညာဉ်တော်ဖြင့်ပြည့်ဝလျက် မှော် ဆရာအားစိုက်ကြည့်ပြီးနောက်၊- 10 ``မာရ်နတ်၏သား၊ လှည့်စားလိမ်လည်တတ်သူ၊ အမှန်တရား၏ရန်သူ၊ သင်သည်ထာဝရ ဘုရား၏ဖြောင့်မှန်သောတရားလမ်းကို ကောက်လိမ်အောင်ပြုပါသည်တကား။- 11 ယခုပင်လျှင်ထာဝရဘုရား၏လက်တော် သည် သင့်ပေါ်သို့ကျရောက်တော်မူသဖြင့် သင် သည်မျက်စိကွယ်လိမ့်မည်။ ကာလအတန် အကြာနေကိုမြင်ရလိမ့်မည်မဟုတ်'' ဟု မြွက်ဆို၏။
13 ပေါလုနှင့်အပေါင်းဖော်များသည်ပါဖုမြို့မှ သင်္ဘောလွှင့်၍ ပံဖုလိပြည်ပေရဂေမြို့သို့ရောက် ကြ၏။ ထိုအခါယောဟန်မာကုသည်သူတို့ နှင့်ခွဲခွာ၍ယေရုရှလင်မြို့သို့ပြန်လေ၏။- 14 သူတို့သည်ပေရဂေမြို့မှထွက်ခွာကြရာ ပိသိဒိပြည်အန္တိအုတ်မြို့သို့ရောက်၍ ဥပုသ် နေ့၌တရားဇရပ်သို့ဝင်၍ထိုင်ကြ၏။- 15 ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်းကိုဖတ်ပြီး သောအခါ တရားဇရပ်အမှုဆောင်လူကြီး များသည်သူတို့အား ``ညီအစ်ကိုတို့၊ လူတို့ အားတိုက်တွန်းအားပေးစကားပြောကြား ရန်ရှိပါလျှင်ပြောကြပါ'' ဟုလူလွှတ်၍ အကြောင်းကြားကြ၏။- 16 ပေါလုသည်နေရာမှထ၍လက်ရိပ်ပြ ပြီးနောက် ``ဣသရေလအမျိုးသားတို့နှင့် ဘုရားသခင်အားကိုးကွယ်သူအခြား အမျိုးသားတို့၊ နားထောင်ကြလော့။- 17 ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် ငါတို့ဘိုးဘေးများအီဂျစ်ပြည်တွင် သူစိမ်းတစ်ရံဆံအဖြစ်နှင့်နေထိုင်ကြစဉ်၊ သူတို့အားရွေးကောက်၍ လူမျိုးကြီးဖြစ်စေ တော်မူ၏။ မဟာတန်ခိုးတော်ဖြင့်ထိုပြည် မှထုတ်ဆောင်သွားတော်မူကာ၊-[~1~] 18 တောကန္တာရတွင်အနှစ်လေးဆယ်ပတ်လုံး သူတို့အားသည်းခံတော်မူ၏။-[~2~] 19 ထိုနောက်ခါနာန်ပြည်နေလူခုနစ်မျိုးတို့ ကိုဖယ်ရှားပြီးလျှင်ထိုပြည်ကို၊-[~3~] 20 မိမိလူစုတော်အားပိုင်ဆိုင်ခွင့်ကိုပေး တော်မူ၏။ ဤအဖြစ်အပျက်အထိနှစ် ပေါင်းလေးရာ့ငါးဆယ်ကြာခဲ့၏။
26 ``အာဗြဟံ၏သားမြေးဖြစ်သူငါ့ညီအစ်ကို တို့နှင့် ဘုရားသခင်ကိုကိုးကွယ်သူအခြား အမျိုးသားတို့၊ ဤကယ်တင်ခြင်းဆိုင်ရာ တရားကိုငါတို့ထံသို့ရောက်ရှိလာစေ၏။- 27 ယေရုရှလင်မြို့သားများနှင့်သူတို့၏ခေါင်း ဆောင်များကား ထိုအရှင်သည်ကယ်တင်ရှင် ဖြစ်သည်ကိုမသိမမြင်ကြ။ ဥပုသ်နေ့တိုင်း မိမိတို့ဖတ်ကြသည့်ပရောဖက်ကျမ်းစကား ကိုလည်းနားမလည်ကြ။ သို့သော်ထိုသူတို့ သည်ပရောဖက်များ၏ဟောကြားချက်အတိုင်း ဖြစ်ပျက်စေရန် ထိုအရှင်ကိုသေဒဏ်စီရင် ကြ၏။- 28 ဤသို့သေဒဏ်စီရင်ထိုက်သောအပြစ်တစ်စုံ တစ်ရာကိုမျှမတွေ့သော်လည်း သေဒဏ်ပေး ရန်ပိလတ်မင်းအားတောင်းဆိုကြ၏။-[~9~] 29 သူတို့သည်ထိုအရှင်နှင့်ပတ်သက်၍ ကျမ်းစာ တော်တွင်ဖော်ပြပါရှိသမျှသောအရာတို့ ကိုပြုကြပြီးနောက် ထိုအရှင်၏တပည့်တို့ သည်အလောင်းတော်ကိုလက်ဝါးကပ်တိုင်မှ ချ၍သင်္ချိုင်းဂူတွင်သင်္ဂြိုဟ်ကြ၏။-[~10~] 30 သို့ရာတွင်ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ၏။- 31 ထိုနောက်ထိုအရှင်သည်ယခင်ကမိမိနှင့်အတူ ဂါလိလဲပြည်မှယေရုရှလင်မြို့သို့လိုက်ပါ ကြသူတို့အား ရက်ပေါင်းများစွာကိုယ်ထင်ပြ တော်မူ၏။ သူတို့သည်ယခုအခါဣသရေလ အမျိုးသားတို့အား ကိုယ်တော်၏အကြောင်းကို သက်သေခံလျက်ရှိကြ၏။-[~11~] 32-33 ဒုတိယဆာလံတွင်၊`သင်သည်ငါ၏သားတော် ဖြစ်၏။ ယနေ့ပင်သင့်အားသားတော်အရာကို ငါပေးပြီ' ဟုဖော်ပြပါရှိသည်နှင့်အညီ ဘုရားသခင်သည်ယေရှုကိုသေခြင်းမှရှင် ပြန်ထမြောက်စေတော်မူသဖြင့် ငါတို့ဘိုးဘေး များအားထားတော်မူသောကတိတော်ကိုသူ တို့၏သားမြေးဖြစ်သူ ငါတို့အတွက်အကောင် အထည်ဖော်တော်မူပြီ။ ငါတို့သည်ဤသတင်း ကောင်းကိုသင်တို့အားကြားပြောရန်ဤအရပ် သို့ရောက်ရှိနေကြခြင်းဖြစ်၏။-[~12~] 34-35 နောက်တစ်ဖန်သင်္ချိုင်းတွင်မပုပ်ပျက်ဘဲသေခြင်း မှ ရှင်ပြန်ထမြောက်ခြင်းအကြောင်းနှင့်ပတ် သက်၍ဘုရားသခင်က၊
42 တရားဇရပ်မှပေါလုနှင့်ဗာနဗတို့ထွက်ခွာ လာကြစဉ် လူတို့ကမိမိတို့အားနောက်လာ မည့်ဥပုသ်နေ့၌ ဤအကြောင်းအရာများကို တစ်ဖန်ဟောပြောရန်တောင်းပန်ကြ၏။- 43 တရားဇရပ်မှလူစုကွဲသောအခါယုဒ အမျိုးသားအမြောက်အမြားနှင့် ယုဒဘာသာ သို့ကူးပြောင်းလာသူအမြောက်အမြားတို့သည် ပေါလုနှင့်ဗာနဗတို့၏နောက်သို့လိုက်ကြ၏။ တမန်တော်တို့ကထိုသူတို့အား ဘုရားသခင် ၏ကျေးဇူးတော်၌ဆက်လက်သက်ရှင်ကြရန် အားပေးတိုက်တွန်းကြ၏။
44 နောက်ဥပုသ်နေ့၌သခင်ဘုရား၏နှုတ်ကပတ် တရားတော်ကိုကြားနာရန် မြို့လုံးကျွတ်နီး ပါးလူတို့လာရောက်ကြ၏။- 45 သို့သော်ယုဒအမျိုးသားတို့သည်လူပရိသတ် ကိုမြင်သောအခါ မနာလိုစိတ်ရှိသဖြင့် ပေါလု ဟောပြောသောစကားများကိုငြင်းခုံကာပုတ် ခတ်ပြောဆိုကြ၏။- 46 ပေါလုနှင့်ဗာနဗတို့ကယခင်ကထက်ပိုမို ရဲရင့်စွာဟောကြားသည်မှာ ``ငါတို့သည်ဘုရား သခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့အား ဦးစွာပထမဟောပြောရပေမည်။ သို့ရာတွင် သင်တို့သည်ထိုတရားတော်ကိုပစ်ပယ်ကာ မိမိ တို့ကိုယ်ကိုထာဝရအသက်နှင့်မထိုက်မတန် သူများဖြစ်သည်ဟုစီရင်ကြသောကြောင့် ငါတို့ သည်သင်တို့ထံမှထွက်ခွာ၍လူမျိုးခြားတို့ ထံသို့သွားကြပါမည်။- 47 ငါတို့အားထာဝရဘုရားက၊
48 လူမျိုးခြားတို့သည်ထိုစကားကိုကြားသော အခါ ရွှင်လန်းဝမ်းမြောက်ကာသခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကိုချီးမွမ်းပြောဆို ကြ၏။ ထာဝရအသက်ရရှိရန်ရွေးကောက် ခြင်းခံရသူတို့သည်ယုံကြည်သူများဖြစ် လာကြ၏။- 49 သို့ဖြစ်၍သခင်ဘုရား၏တရားတော်သည် ထိုဒေသတစ်ခုလုံးတွင်နှံ့ပြားလေ၏။- 50 သို့သော်လည်းယုဒအမျိုးသားတို့သည် ဘုရား သခင်ကိုကိုးကွယ်သူအထက်တန်းလွှာအမျိုး သမီးများနှင့် မြို့မျက်နှာဖုံးအမျိုးသားများ ကိုလှုံ့ဆော်ကာပေါလုနှင့်ဗာနဗတို့အား ညှဉ်းပန်းနှိပ်စက်စေကြ၏။ သူတို့သည်ထိုသူ နှစ်ဦးအားမိမိတို့နယ်မှနှင်ထုတ်လိုက်ကြ၏။- 51 ပေါလုနှင့်ဗာနဗတို့သည်ထိုသူတို့၏စိတ် သဘောကိုမနှစ်သက်သည့်အနေဖြင့် မိမိ တို့ခြေမှမြေမှုန့်ကိုခါချခဲ့ပြီးလျှင် ဣကောနိမြို့သို့ထွက်သွားကြ၏။-[~16~] 52 အန္တိအုတ်မြို့ရှိတပည့်တော်တို့သည်ရွှန်လန်း ဝမ်းမြောက်၍ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝလျက်ရှိကြ၏။
<- တမန်တော်ဝတ္ထု 12တမန်တော်ဝတ္ထု 14 ->✡13:17 ထွ၊ ၁:၇၊ ၁၇:၅၁။
✡13:18 တော၊ ၁၄:၃၄။ တရား၊ ၁:၃၁။
✡13:19 တရား၊ ၇:၁။ ယောရှု၊ ၁၄:၁။
✡13:20 သူကြီး၊ ၂:၁၆။ ၁ရာ၊ ၃:၂၀။
✡13:21 ၁ရာ၊ ၈:၅၊ ၁၀:၂၁။
✡13:22 ၁ရာ၊ ၁၃:၁၄၊ ၁၆:၁၂၊ ဆာ၊ ၈၉:၂၀။
✡13:24 မာ၊ ၁:၄။ လု၊ ၃:၃။
✡13:25 မ၊ ၃:၁၁။ မာ၊ ၁:၇။ လု၊ ၃:၁၆။ ယော၊ ၁:၂၀၊ ၂၇။
✡13:28 မ၊ ၂၇:၂၂-၂၃။ မာ၊ ၁၅:၁၃-၁၄။ လု၊ ၂၃:၂၁-၂၃။ ယော၊ ၁၉:၁၅။
✡13:29 မ၊ ၂၇:၅၇-၆၁။ မာ၊ ၁၅:၄၂-၄၇။ လု၊ ၂၃:၅၀-၅၆။ ယော၊ ၁၉:၃၈-၄၂။
✡13:31 တ၊ ၁:၃။
✡13:32-33 ဆာ၊ ၂:၇။
✡13:34-35 ဟေရှာ၊ ၅၅:၃။
✡13:40-41 ဟဗ၊ ၁:၅။
✡13:47 ဟေရှာ၊ ၄၂:၆၊ ၄၉:၆။
✡13:51 မ၊ ၁၀:၁၄။ မာ၊ ၆:၁၁။ လု၊ ၉:၅၊ ၁၀:၁၁။