1 ဟန္နသည်ဤသို့ဆုတောင်းပတ္ထနာပြုသည်။
11 ထိုနောက်ဧလကာနသည် ရာမမြို့ရှိမိမိ၏နေ အိမ်သို့ပြန်လေ၏။ သို့ရာတွင်သူငယ်ရှမွေလ မူကားရှိလောမြို့တွင်နေရစ်၍ ယဇ်ပုရောဟိတ် ဧလိ၏လက်အောက်၌ထာဝရဘုရား၏အမှု တော်ကိုဆောင်ရွက်လေ၏။
12 ဧလိ၏သားတို့သည်သူယုတ်မာများဖြစ် ကြ၏။ သူတို့သည်ထာဝရဘုရားကိုလည်း ကောင်း၊- 13 လူတို့ထံမှယဇ်ပုရောဟိတ်တို့တောင်းဆိုပိုင်ခွင့် နှင့်ဆိုင်သောပြဋ္ဌာန်းချက်များကိုလည်းကောင်း ပမာဏမပြုဘဲယဇ်ပူဇော်နေသူထံသို့ မိမိ တို့၏အစေခံကိုသုံးခွခက်ရင်းနှင့်စေလွှတ် တတ်ကြ၏။ ထိုအစေခံသည်အိုးကင်းတွင် ချက်ပြုတ်နေဆဲအသားကို၊- 14 ခက်ရင်းဖြင့်ထိုးကာပါလာသမျှကို မိမိ၏ ယဇ်ပုရောဟိတ်အတွက်ယူသွားတတ်လေသည်။ ယဇ်ပူဇော်ရန်ရှိလောမြို့သို့ရောက်ရှိလာကြ သောဣသရေလအမျိုးသားအားလုံးပင် လျှင်ဤနည်းအတိုင်းပြုကျင့်ခြင်းကိုခံရ ကြ၏။- 15 ထို့အပြင်ဆီဥကိုမီးမရှို့ရမီယဇ်ပုရော ဟိတ်၏အစေခံသည် လာ၍ယဇ်ပူဇော်နေသူ အား``ယဇ်ပုရောဟိတ်အတွက်ကင်ပေးနိုင်ရန် အသားအနည်းငယ်ကိုပေးပါလော့။ ယဇ် ပုရောဟိတ်သည်ပြုတ်ပြီးအသားကိုအလို မရှိ။ အသားစိမ်းကိုသာအလိုရှိ၏'' ဟု ပြောဆိုတောင်းခံတတ်လေသည်။
16 အကယ်၍ယဇ်ပူဇော်နေသူက``ငါတို့သည် ထုံးစံရှိသည်အတိုင်းဆီဥကိုဦးစွာမီးရှို့ ပူဇော်ပြီးမှ သင်နှစ်သက်ရာအသားကိုယူ ပါလေ'' ဟုဆိုခဲ့သော်ယဇ်ပုရောဟိတ်အစေခံ သည်``အသားကိုယခုငါ့အားပေးလော့။ မပေး လျှင်အတင်းအဋ္ဌမ္မယူရလိမ့်မည်'' ဟုဆို တတ်၏။
17 ဧလိ၏သားတို့ဤသို့ပြုသောအမှုသည် ထာဝရဘုရား၏ရှေ့တော်တွင်လွန်စွာအပြစ် ကြီး၏။ အဘယ်ကြောင့်ဆိုသော်သူတို့သည် ထာဝရဘုရားအားပေးလှူသောပူဇော် သကာများကိုမခန့်မညားပြုကြ သောကြောင့်ဖြစ်၏။
18 ဤအတောအတွင်း၌သူငယ်ရှမွေလသည် ပိတ်ချောသင်တိုင်းကိုဝတ်၍ထာဝရဘုရား ၏အမှုတော်ကိုဆောင်လျက်နေ၏။- 19 သူ၏အမိသည်နှစ်စဉ်ပူဇော်နေကျယဇ်ကို တင်လှူရန် ခင်ပွန်းသည်နှင့်အတူလိုက်ပါ လာသောအခါ ဝတ်လုံငယ်တစ်ခုကိုချုပ်၍ ယူဆောင်လာတတ်၏။- 20 ထိုအခါဧလိသည်ဧလကာနနှင့်ဇနီး အား ကောင်းချီးပေးပြီးလျှင်``ထာဝရဘုရား အားသင်ဆက်ကပ်သည့်သားအစား ကိုယ်တော် သည်သင့်အားဤအမျိုးသမီးအားဖြင့် အခြားသားသမီးများကိုပေးသနား တော်မူပါစေသော'' ဟုဧလကာနအား ပြောလေ့ရှိ၏။
21 ထာဝရဘုရားသည်ဟန္နကိုကောင်းချီးပေး တော်မူသဖြင့် သူသည်သားသုံးယောက်နှင့် သမီးနှစ်ယောက်ကိုရလေသည်။ သူငယ် ရှမွေလသည်ထာဝရဘုရား၏အမှု တော်ကိုဆောင်ရွက်လျက်ကြီးပြင်းလာ၏။
22 ယခုအခါ၌ဧလိသည်လွန်စွာအိုမင်းလျက် ရှိ၏။ မိမိ၏သားများကဣသရေလအမျိုး သားတို့အားပြုသမျှတို့ကိုလည်းကောင်း၊ သူ တို့သည်ထာဝရဘုရားစံတော်မူရာတဲတော် အဝင်ဝ၌ အလုပ်တာဝန်ကျသူအမျိုးသမီး များနှင့်ပင်မှားယွင်းကြကြောင်းကိုလည်း ကောင်းဧလိကြားသိရသည်။- 23 ထို့ကြောင့်ဧလိက``သင်တို့သည်အဘယ်ကြောင့် ဤအမှုတို့ကိုပြုကြသနည်း။ သင်တို့ပြု သည့်ဒုစရိုက်ကိုလူတိုင်းပင်ပြောကြား လျက်ရှိ၏။- 24 ငါ့သားတို့ထာဝရဘုရား၏လူမျိုးတော် တို့ပြောဆိုနေကြသောအကြောင်းမှာ ဆိုး ရွားလှပါသည်တကား။- 25 လူအချင်းချင်းပြစ်မှားသူတို့ကိုထာဝရ ဘုရားသည်ကာကွယ်စောင့်ရှောက်နိုင်သော်လည်း ထာဝရဘုရားအားပြစ်မှားသောသူကိုမူ ကားအဘယ်သူကာကွယ်စောင့်ရှောက်နိုင်ပါ မည်နည်း'' ဟုသားတို့အားပြော၏။
26 သူငယ်ရှမွေလသည်ဆက်လက်ကြီးပြင်း၍ ထာဝရဘုရား၏ရှေ့လူတို့ရှေ့၌မျက်နှာ ရလေ၏။[b]
27 ပရောဖက်တစ်ပါးသည်ထာဝရဘုရားထံ မှဗျာဒိတ်တော်ကိုပြန်ကြားရန် ဧလိထံသို့ ရောက်ရှိလာ၏။ ထိုဗျာဒိတ်တော်ကားဤသို့ တည်း။ ``သင်၏ဘိုးဘေးအာရုန်နှင့်အိမ်ထောင် စုသားတို့သည် အီဂျစ်ဘုရင်ထံတွင်ကျွန်ခံ နေရစဉ်အခါကငါသည်အာရုန်အား ထင်ရှားခဲ့၏။- 28 ငါသည်ဣသရေလသားချင်းစုရှိသမျှ တို့အနက် သူ၏အိမ်ထောင်စုကိုငါ၏ယဇ် ပလ္လင်ပေါ်မှာပူဇော်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ ငါ၏အလိုတော်ကိုသိရှိရန် သင်တိုင်းကိုဝတ်ဆင်ခြင်းအမှုတို့ကိုဆောင် ရွက်ရန်အတွက် ငါ၏ယဇ်ပုရောဟိတ်များ အဖြစ်ဖြင့်ရွေးချယ်ခန့်ထားခဲ့၏။ ထို့ပြင် ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်သည့်ယဇ် ကောင်များမှဝေစုကိုရယူနိုင်ခွင့်ကို လည်း သူတို့အားငါပေးထား၏။-[~3~] 29 သို့ဖြစ်၍သင်သည်ငါ၏အမိန့်အရဆက်သ သည့်ယဇ်နှင့်ပူဇော်သကာများကို အဘယ် ကြောင့်လောဘစိတ်နှင့်ကြည့်ဘိသနည်း။ ဧလိ၊ သင်သည်ငါ၏လူမျိုးတော်တင်လှူသည့်ယဇ် ကောင်ရှိသမျှမှအကောင်းဆုံးအပိုင်းတို့ ကို အဘယ်ကြောင့်သင်၏သားတို့အားဝစွာ စားခွင့်ပြုပါသနည်း။ အဘယ်ကြောင့်သူ တို့အားငါ့ထက်ပင်ပို၍ဂုဏ်ပြုချီးမြှင့် ပါသနည်း။- 30 ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။- 31 နားထောင်လော့။ သင့်အိမ်ထောင်စု၊ သင့်သား ချင်းစုထဲမှလူငယ်လူရွယ်ရှိသမျှကို ငါသုတ်သင်ပယ်ရှင်းပစ်မည့်အချိန်ရောက် ရှိလာလိမ့်မည်။ ဤနည်းအားဖြင့်သင်၏ အိမ်ထောင်စုတွင် အဘယ်သူမျှအသက် အရွယ်အိုမင်းသည်တိုင်အောင်နေရကြ လိမ့်မည်မဟုတ်။- 32 သင်သည်အခြားဣသရေလအမျိုးသား တို့အား ငါပေးသည့်ကောင်းချီးမင်္ဂလာများ ကိုမြင်၍ စိတ်ပျက်လျက်မနာလိုစိတ်ဖြစ် လိမ့်မည်။ သို့ရာတွင်သင်၏အိမ်ထောင်စုမှ အဘယ်သူမျှ အိုမင်းသည်တိုင်အောင်နေရ တော့မည်မဟုတ်။-[~4~] 33 သို့သော်ငါသည်သင်၏အိမ်ထောင်စုသား တစ်ဦးကိုမူအသက်ရှင်စေမည်။ သူ [~5~] သည်ယဇ်ပုရောဟိတ်အဖြစ်ဖြင့်ငါ၏အမှု တော်ကိုထမ်းဆောင်ရမည်ဖြစ်သော်လည်း မျက် စိကွယ်ပြီးမျှော်လင့်ရာမဲ့ဖြစ်လျက်နေလိမ့် မည်။ သင်၏အခြားသားမြေးမှန်သမျှတို့ သည်သေခြင်းဆိုးနှင့်သေရကြလိမ့်မည်။- 34 သင်၏သားများဖြစ်ကြသောဟောဖနိနှင့် ဖိနဟတ်တို့သည်တစ်နေ့တည်း၌သေရကြ သောအခါ ငါပြောသမျှသောအမှုအရာ တို့သည်ဖြစ်ပျက်လာလိမ့်မည်ဖြစ်ကြောင်း သင်သိရှိရလိမ့်မည်။-[~6~] 35 ငါ့အားသစ္စာစောင့်၍ငါပြုစေလိုသည့်အတိုင်း ပြုမည့်ယဇ်ပုရောဟိတ်တစ်ဦးကိုငါရွေးချယ် မည်။ သူ့အားသားမြေးများထွန်းကားစေမည်။ ထိုသူတို့သည်ငါဘိသိက်ပေးသည့်ဘုရင် ရှေ့မှောက်တွင်အစဉ်အမြဲအမှုထမ်းရကြ လိမ့်မည်။- 36 အသက်မသေဘဲကျန်ရစ်သည့်သင်၏သားမြေး မှန်သမျှသည် ထိုယဇ်ပုရောဟိတ်ထံသို့သွား ရောက်၍ ကြေးငွေနှင့်အစားအစာတို့ကိုအသ နားခံရကြလိမ့်မည်။ သူတို့သည်အစားအစာ ရရှိရေးအတွက် ယဇ်ပုရောဟိတ်များအမှု ဆောင်ရာ၌ပါဝင်ကူညီခွင့်ရရှိရန်တောင်း ပန်အသနားခံရကြလိမ့်မည်။
<- ၁ ရာ 1၁ ရာ 3 ->